Loading...

Rollover

Rollover

အရောင်းအဝယ်နေ့၏ ပိတ်ချိန်တွင် ရောင်းဝယ်သူမှ ငွေကြေးပိုင်ဆိုင်မှုများ ရောင်းပြီး အရောင်းအဝယ်ကို ပိတ်ရန် မဆုံးဖြတ်သောအခါ Rollover ဖြစ်ပေါ်ပါသည်။ ၎င်းသည် စတော့ကို တစ်ရက်တာ ကိုင်ထားသည့်အတွက် လက်ခံရရှိသော (သို့) ပေးရသော အတိုးဖြစ်သည်။ ရောင်းဝယ်သော စာချုပ်အမျိုးအစားပေါ်မူတည်၍ မတူညီသော တွက်ချက်နည်းများကို အသုံးပြုပါသည်။ ၎င်း၏ လက်ရှိအတိုးနှုန်းများနှင့်ဆက်စပ်မှုကြောင့် Rollover ပမာဏသည်လည်း ပြောင်းလဲနိုင်ပါသည်။ အရောင်းအဝယ်နေ့ နောက်တစ်နေ့တွင် သင့်အကောင့်အား လိုအပ်သလို ငွေပြန့်ဖြည့် (သို့) ငွေကောက်ခံသွားမည်ဖြစ်သည်။ Rollover ကာလမတိုင်ခင် အရောင်းအဝယ် ပိတ်သောအခါ (သို့) Rollover ကာလအပြီး ၎င်းကို ပြန်လည်ဖွင့်သောအခါ Rollover အခကြေးငွေ (သို့) အတိုးကို ပေးချေရမည်မဟုတ်ပါ။

ဗုဒ္ဓဟူးနေ့၏ Rollover စျေးနှုန်း (အလဲစျေးနှုန်း) သည် အခြားနေ့များထက် သုံးဆပိုမြင့်သည်ကို ကျေးဇူးပြု၍ သတိရပါ။ Forex သည် နှစ်ရက်ကြာစောင့်ရသော စျေးကွက်ဖြစ်သည့်အတွက် ရောင်းဝယ်မှုများကို စနေ၊ တနင်္ဂနွေ (အခကြေးငွေ ကောက်ခံမှုမရှိ) ကျော်ဖြတ်၍ တနင်္လာထိစောင့်ရသောကြောင့် ဗုဒ္ဓဟူးနေ့၏ စျေးနှုန်းသည် သုံးရက်စာအတိုးနှင့် ညီမျှပါသည်။

ပိုမိုလေ့လာပါ

ရောင်းဝယ်ဖို့ အဆင်သင့်ဖြစ်ပြီလား။