Loading...

အမေးများသော မေးခွန်းများ

အမေးများသောမေးခွန်းများ

OzoneMarkets အကြောင်း

OzoneMarkets ဆိုတာဘာလဲ?
OzoneMarkets သည် ACE HOLDINGS LIMITED မှ လိုင်စင်ပေးထားသော ရောင်းဝယ်ရေးဒိုမိန်းတစ်ခုဖြစ်သည်။ OzoneMarkets သည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်မှုနှင့် ချိတ်ဆက်ထားသော ငွေလက်ခံရယူမှုနှင့် လွှဲပြောင်းပေးမှု၊ ဖောက်သည်များထံ အကြွေးခရက်ဒစ်နှင့် ချေးငွေပေးအပ်မှု ဝန်ဆောင်မှုများ၊ နိုင်ငံခြားငွေကြေးအိတ်စ်ချိန်းဆိုင်ရာ ဝန်ဆောင်မှုများ စသည်တို့တွင် အထူးပြုထားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုတစ်ခုဖြစ်သည်။
OzoneMarkets က ဘယ်လိုကိုယ်စားလှယ်မျိုးလဲ?
OzoneMarkets သည် STP ကိုယ်စားလှယ်ဖြစ်ပါသည်။ Straight through Processing (STP) ၏ ဆိုလိုချက်မှာ စျေးကွက်အကြောင်း အချက်အလက်အားလုံးကို စျေးကွက်ကိုယ်စားလှယ်များ (ဘဏ်၊ သို့မဟုတ် အခြားကိုယ်စားလှယ်များ) မှ ပေးအပ်ပါသည်။ ထို့ကြောင့် ဖောက်သည်နှင့် ကိုယ်စားလှယ်နှစ်ဦးကြား အကျိုးအမြတ်ဆိုင်ရာပဋိပက္ခများ မရှိပါ။ OzoneMarkets သည် မာဂျင်အား နောက်ဆုံးဝယ်သူထံ ပေးအပ်ခြင်းအတွက် အခကြေးငွေကိုသာ ရယူပြီး ဖောက်သည်၏ ဖြစ်လာနိုင်သော အရှုံးပေါ်မှုများမှ မည်သည့်အကျိုးအမြတ်မျှ မရရှိပါ။
OzoneMarkets တွင် စည်းမျဉ်းစည်းကမ်းများရှိပါသလား?
OzoneMarkets သည် ACE HOLDINGS LIMITED မှ ထိန်းချုပ်ကိုင်တွယ်သော ဒိုမိန်းတစ်ခုဖြစ်ပြီး ဖော်ပြပါအဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို ကမ်းလှမ်းပေးပါသည်: ရောင်းဝယ်မှုပြုလုပ်နေစဉ် OzoneMarkets မှ ကျွန်ုပ်အား မည်သည့်လုံခြုံမှုမျိုး ပေးအပ်ပါမည်နည်း?
  • တစ်ခု (သို့) တစ်ခုထက်ပိုသော ငွေကြေးစာချုပ်များနှင့် ဆက်နွှယ်သည့် အော်ဒါများအား လက်ခံရယူမှုနှင့် လွှဲပြောင်းပေးမှု။
  • ဖောက်သည်များကိုယ်စား အော်ဒါများအား လုပ်ဆောင်ပေးမှု။
ဖော်ပြပါအဖွဲ့၏ နောက်ဆက်တွဲ လိုအပ်သော ဝန်ဆောင်မှုများ:
  • ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ငွေကြေး/အာမခံပစ္စည်းများကို စီမံခန့်ခွဲမှုကဲ့သို့သော သက်ဆိုင်ရာဝန်ဆောင်မှုများ အပါအဝင် ဖောက်သည်အကောင့်များအတွက် ငွေကြေးကိရိယာများကို လုံခြုံစွာထိန်းသိမ်းပေးပြီး ကိုယ်တွယ်ထိန်းချုပ်ပေးမှု
  • အကြွေးခရက်ဒစ် (သို့) ချေးငွေအား ပေးအပ်သော အဖွဲ့အစည်းမှ ငွေလွှဲပြောင်းမှုတွင် ပိုမိုပါဝင်မှုရှိသော တစ်ခု (သို့) တစ်ခုထက်ပိုသည့် ငွေကြေးစာချုပ်များတွင် ငွေလွှဲပြောင်းမှုတစ်ခုကို ရင်းနှီးမြှုပ်နှံသူအား ပြုလုပ်ခွင့်ပေးရန်အတွက် ထိုသူ့ထံ အကြွေးခရက်ဒစ် (သို့) ချေးငွေများ ပေးအပ်ခြင်း
  • ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်မှုနှင့် ချိတ်ဆက်နေသော နိုင်ငံခြားငွေကြေးအိတ်စ်ချိန်း ဝန်ဆောင်မှုများ
  • အောက်ပါငွေကြေးစာချုပ်များနှင့် ဆက်နွှယ်နေသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သုတေသနနှင့် ငွေကြေးခွဲခြမ်းစိတ်ဖြာမှု (သို့) အခြားအထွေထွေ အကြံပေးမှုပုံစံများငွေကြေးစာချုပ်များမှာ:
  1. လွှဲပြောင်း၍ရသော ရင်းနှီးမြှုပ်နှံမှု
  2. ငွေကြေး-စျေးကွက် စာချုပ်များ
  3. ယူနစ်များနှင့် စုပေါင်းထားသော ရင်းနှီမြှုပ်နှံမှုခံဝန်ချက်များ
  4. Option များ၊ Future များ၊ Swap များ၊ ရှေ့တိုးနှုန်းသဘောတူညီချက်များနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံခြားငွေကြေးများ၊ အတိုး (သို့) အမြတ်များ (သို့) ရုပ်ပိုင်းဆိုင်ရာ ပေးအပ်နိုင်သော၊ သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲနိုင်သော အခြားဒရစ်ဗစ်တစ်စာချုပ်များ၊ ငွေကြေးအင်းဒတ်စ်များ (သို့) ငွေကြေးဖြေရှင်းချက်များနှင့် သက်ဆိုင်သော အခြားဒရစ်ဗစ်တစ်စာချုပ်များ။
  5. Option များ၊ Future များ၊ Swap များ၊ ရှေ့တိုးနှုန်းသဘောတူညီချက်များနှင့် တစ်ပါတီ၏ ရွေးချယ်မှုဖြင့် (ထိုမှမဟုတ် ပြန်မဆပ်နိုင်ခြင်း၊ သို့မဟုတ် အခြားအဖြစ်အပျက်ကြောင့်) ငွေကြေးအဖြစ် ပြောင်းလဲရမည်ဖြစ်သော (သို့) ပြောင်းလဲနိုင်သော အခြားဒရစ်ဗစ်တစ်စာချုပ်များ။*
  6. Option များ၊ Future များ၊ Swap များ၊ ရှေ့တိုးနှုန်းသဘောတူညီချက်များနှင့် ကုန်ကြမ်းများကို စည်းမျဉ်းချမှတ်ထားသော စျေးကွက် နှင့်/သို့မဟုတ် MTF တွင် ရောင်းဝယ်ကြောင်း ရုပ်ပိုင်းဆိုင်ရာ ကြေအေးနိုင်သော ကုန်ကြမ်းများနှင့်ဆက်နွှယ်သည့် အခြားဒရစ်ဗစ်တစ်စာချုပ်များ။
  7. Option များ၊ Future များ၊ Swap များ၊ ရှေ့တိုးနှုန်းသဘောတူညီချက်များနှင့် အပိုင်း III ၏ စာပိုဒ် 6 တွင် ဖော်ပြထားသည်မှလွဲ၍ ရုပ်ပိုင်းဆိုင်ရာ ကျေအေးပေးနိုင်သော ကုန်ကြမ်းများနှင့် အသိအမှတ်ပြုထားသော ကြားခံအဖွဲ့အစည်းများမှတစ်ဆင့် ရှင်းလင်းကြေအေးပေးခြင်း (သို့) ပုံမှန်မာဂျင်ဆဲလ်များ၏ သက်ရောက်မှုခံရခြင်းတို့ အပါအဝင် အခြားဒရစ်ဗစ်တစ်ငွေကြေးစာချုပ်များ၏ ဝိသေသများရှိသော စီးပွားရေးရည်ရွယ်ချက်များအတွက် မဟုတ်သည့် ကုန်ကြမ်းများနှင့် ဆက်နွှယ်သော အခြာဒရစ်ဗစ်တစ်စာချုပ်များ။း
  8. ခြားနားမှုများအတွက် ဒရစ်ဗစ်တစ်စာချုပ်များ။
  9. ခြားနားမှုများအတွက် ငွေကြေးစာချုပ်များ။
  10. Option များ၊ Future များ၊ Swap များ၊ ရှေ့တိုးနှုန်းသဘောတူညီချက်များနှင့် ရာသီဥတုဆိုင်ရာ ပြောင်းလဲနိုင်မှုများ၊ ကုန်စည်ပို့ဆောင်ရေးစရိတ်၊ လေထုထဲ အညစ်အကြေများ စွန့်ထုတ်နိုင်ခွင့် (သို့) ငွေကြေးဖောင်းပွနှုန်းများ (သို့) ငွေဖြင့်ကြေအေးရမည်ဖြစ်သော၊ သို့မဟုတ် ပါတီတစ်ခု၏ ရွေးချယ်မှုဖြင့် (ထိုမှမဟုတ် ပြန်မဆပ်နိုင်ခြင်း၊ သို့မဟုတ် အခြားအဆုံသတ်မှုဆိုင်ရာ အဖြစ်အပျက်ကြောင့်) ငွေဖြင့်ကြေအေးနိုင်သော အခြားတရားဝင်စီးပွားရေးဆိုင်ရာ စာရင်းအင်းများနှင့်ဆက်နွှယ်နေသော အခြားဒရစ်ဗစ်တစ်စာချုပ်မျာအပြင် ဤအပိုင်းတွင် ဖော်ပြထားသည်မှလွဲ၍ စည်းမျဉ်းချမှတ်ထားသော စျေးကွက် နှင့်/သို့မဟုတ် MTF တွင် ရောင်းဝယ်၊ မဝယ်၊ ရုပ်ပိုင်းဆိုင်ရာ ကျေအေးပေးနိုင်သော ကုန်ကြမ်းများနှင့် အသိအမှတ်ပြုထားသော ကြားခံအဖွဲ့အစည်းများမှတစ်ဆင့် ရှင်းလင်းကြေအေးပေး၊ မပေး (သို့) ပုံမှန်မာဂျင်ဆဲလ်များ၏ သက်ရောက်မှုခံရ၊ မခံရတို့ အပါအဝင် အခြားဒရစ်ဗစ်တစ်ငွေကြေးစာချုပ်များ၏ ဝိသေသများရှိသော ပိုင်ဆိုင်မှုများ၊ အခွင့်အရေးများ၊ ၀တ္တရားများ၊ အင်းဒတ်စ်များနှင့် ဖြေရှင်းချက်များဆက်နွှယ်နေသော အခြားဒရစ်ဗစ်တစ်စာချုပ်များ။
* ဤငွေကြေးစာချုပ်အား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်မှုနှင့် ချိတ်ဆက်နေသော နိုင်ငံခြားငွေကြေးအိတ်စ်ချိန်းဝန်ဆောင်မှုများအတွက်သာ ပေးအပ်ထားခြင်းဖြစ်သည်။
ရောင်းဝယ်မှုပြုလုပ်နေစဉ် OzoneMarkets မှ ကျွန်ုပ်အား မည်သည့်လုံခြုံမှုမျိုး ပေးအပ်ပါမည်နည်း?
OzoneMarkets မှ သင့်ငွေကြေးများ၏ လုံခြုံရေးသည် မည်မျှအရေးကြီးကြောင်းကို နားလည်ပါသည်။ အသုံးပြုသူများမှ ထိရောက်ကောင်းမွန်သော ရောင်းဝယ်ရေးအတွေ့အကြုံအား ခံစားရစေရန်အတွက် စနစ်အတွင်း တည်ဆောက်ထားသော ကာကွယ်မှုများနှင့်တကွ ငွေကြေးဂိုက်လိုင်းများကို တင်ကြပ်စွာလိုက်နာမှုကို ကုမ္ပဏီအတွင်းပိုင်းနှင့်အပြင်ပိုင်း နှစ်ပိုင်းလုံတွင် အကောင်အထည်ဖော်ပြီးဖြစ်ပါသည်။
ACE HOLDINGS LIMITED အား မည်သည့်အချိန်တွင် စတင်တည်ထောင်ခဲ့ပါသလဲ?
ACE HOLDINGS LIMITED အား 2014 ခုနှစ်တွင် ပရော်ဖက်ရှင်နယ်ရောင်းဝယ်သူများ၊ ရင်းနှီးမြှုပ်နှံမှုမန်နေဂျာများနှင့် ဆော့ဝဲလ်အင်ဂျင်နီယာများ ပါဝင်သော အဖွဲ့မှ တည်ထောင်ခဲ့ပါသည်။
OzoneMarkets မှ မည်ကဲ့သို့သော ရောင်းဝယ်ရေးအကောင့်အမျိုးအစားများကို ကမ်းလှမ်းပါသလဲ?
OzoneMarkets မှ Demo အကောင့်နှင့် လိုက်ဖ်အကောင့်ဖြစ်သည့် ရောင်းဝယ်ရေးအကောင့် 2 မျိုးကို ကမ်းလှမ်းပေးပါသည်။

အကောင့်အချက်အလက်

အကောင့်ဘယ်လိုဖွင့်ရမလဲ?
OzoneMarkets တွင် အကောင့်အသစ်ဖွင့်ခြင်းသည် လွယ်ကူပါသည်။ “ ရောင်းဝယ်ရေးအကောင့်ဖွင့်မည်” လင့်ခ်ကို နှိပ်ပြီး လိုအပ်သည့် အချက်အလက်များကို ဖြည့်စွက်လိုက်ပါ။ သင့်အကောင့်အား အောင်မြင်စွာဖန်တီးပြီးပါက မှတ်ပုံတင်မှုအဆင့်ကို ပြီးစီးရန်အတွက် အတည်ပြုရန်လိုအပ်သည့် စာရွက်စာတမ်းများကို သင်ပေးပို့ရပါမည်။ ထိုစာရွက်စာတမ်းများကို ဖက်စ်၊ စကန် (သို့) အီးမေးလ်မှတစ်ဆင့် ပို့နိုင်ပါသည်။ သင့်စာရွက်စာတမ်းများကို အတည်ပြုပြီး ခွင့်ပြုပြီးသည်နှင့် သင့်အကောင့်အား ငွေဖြည့်ပြီး စတင်ရောင်းဝယ်နိုင်မည်ဖြစ်သည်။
OzoneMarkets တွင် အကောင့်ဖွင့်ရန်အတွက် မည်သည့်စာရွက်စာတမ်းများ လိုအပ်ပါသနည်း?

အကောင့်ဖွင့်ရန်အတွက် အောက်ပါစာရွက်စာတမ်းများကို လိုအပ်ပါသည် –

  • ပက်စ်ပို့စ်၊ ယာဉ်မောင်းလိုင်စင် (သို့) တရားဝင်မှတ်ပုံတင်ကဲ့သို့သော မိမိအထောက်အထားအတည်ပြုသည့် စာရွက်စာတမ်း
  • မီတာဘေလ် (သို့) ဘဏ်ရှင်းတမ်းကဲ့သို့သော လိပ်စာအတည်ပြုချက် (6 လအတွင်းဖြစ်ရ)
မှတ်ပုံတင်ပြီးပေမဲ့ အကောင့်ထဲ လော့ဂ်အင်ဝင်လို့မရပါ၊ ဘာလုပ်သင့်ပါသလဲ?
OzoneMarkets ကူညီထောက်ပံ့ရေးဝန်ဆောင်မှုအသင်းအား ချက် (သို့) အီးမေးလ် – support@ozonemarkets.com မှတစ်ဆင့် ကျေးဇူးပြု၍ ဆက်သွယ်ပေးပါ။
ကျွန်ုပ်၏ ကုမ္ပဏီသည် OzoneMarkets ဖြင့် အကောင့်ဖွင့်နိုင်ပါသလား?
OzoneMarkets သည် ကော်ပိုရိတ်အကောင့်များကို စေ့စပ်သေချာသော စည်းမျဉ်းကိုက်ညီမှုလုပ်ငန်းစဉ်အား ဖြတ်ကျော်အောင်မြင်ပြီးမှသာ လက်ခံပါသည်။ လျှောက်တင်ရန် သင်စိတ်ဝင်စားပါက နောက်ထပ်အချက်အလက်များအတွက် support@ozonemarkets.com ထံ ကျေးဇူးပြု၍ ဆက်သွယ်ပါ။
ကျွန်ုပ်သည် ဖက်စပ်အကောင့် (Joint Account) အား ဖွင့်နိုင်ပါသလား?
ဖွင့်နိုင်ပါသည်။ နောက်ထပ်အချက်အလက်များအတွက် support@ozonemarkets.com ထံ ကျေးဇူးပြု၍ ဆက်သွယ်ပါ။
ကျွန်ုပ်၏ အကောင့်အချက်အလက်များကို မည်သို့ပြောင်းလဲရမည်နည်း?
သင့်အကောင့်အချက်အလက်များကို ပြောင်းလဲရန်အတွက် ကျေးဇူးပြု၍ သင့်ဖောက်သည်ဆက်ဆံရေးမန်နေဂျာ (သို့) ကျွန်ုပ်တို့ ကူညီထောက်ပံ့ရေးအသင်း၏ အဖွဲ့သားအား ဆက်သွယ်ပါ။ support@ozonemarkets.com သို့ အီးမေးလ်ပို့၍ ကျွန်ုပ်တို့အား ဆက်သွယ်နိုင်ပါသည်။
OzoneMarkets မှ ကော်မစ်ရှင် (သို့) ရောင်းဝယ်ရေးအတွက် အခကြေးငွေများ ကောက်ခံပါသလား?
OzoneMarkets မှ သင့်ငွေလွှဲပြောင်းမှုအတွက် မည်သည့်ကော်မစ်ရှင် (သို့) ရောင်းဝယ်ရေးဆိုင်ရာ အခကြေးငွေများကိုမျှ မကောက်ခံပါ။ OzoneMarkets သည် ၎င်း၏ဝန်ဆောင်မှုများအတွက် အခကြေးငွေကို ခေါ်စျေး/ပေးစျေး ကွာဟမှုမှ ရရှိပါသည်။
OzoneMarkets မှ အခွန်ပေးမှုဆိုင်ရာ ရည်ရွယ်ချက်များအတွက် နုတ်ယူမှုများ ပြုလုပ်ပါသလား?
OzoneMarkets သည် အသုံးပြုသူအကောင့်များမှ အခွန်မနုတ်ယူပါ။ မိမိနေထိုင်ရာနိုင်ငံဥပဒေနှင့်အညီ အခွန်ပေးရန်အတွက်မှာ အသုံးပြုသူတစ်ယောက်ချင်းစီ၏ တာဝန်ဖြစ်ပါသည်။
ကျွန်ုပ်၏ ရင်းနှီးမြှုပ်နှံမှုများကို တစ်ယောက်ယောက်မှ စီမံခန့်ခွဲမည်လား?
မဟုတ်ပါ။ အကျိုးစီးပွားဆိုင်ရာပဋိပက္ခများ ဖြစ်ပေါ်နိုင်သည့်အတွက် OzoneMarkets မှ အသုံးပြုသူများကိုယ်စား ငွေကြေးများကို မစီမံပေးပါ၊ 100% အပြည့် ဘက်မလိုက်ဘဲနေရန်အတွက် ကျွန်ုပ်တို့သည် ငွေကြေးများကို မစီမံပေးပါ။ သို့ရာတွင် သင့်ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲနေစဉ် ကူညီရန်အတွက် ဖောက်သည်ဆက်ဆံရေးမန်နေဂျာအား သင့်ထံ ခန့်အပ်ပေးသွားမည်ဖြစ်သည်။
OzoneMarkets ၏ မာဂျင်လိုအပ်ချက်များမှာ အဘယ်နည်း?
အသုံးပြုသူများသည် ၎င်းတို့ ရောင်းဝယ်လိုသည့် ပိုင်ဆိုင်မှုနှင့် အရွယ်အစားပေါ်မူတည်၍ 1:500 အချိုးအထိ အကျိုးအမြတ်ရအောင် ရောင်းဝယ်နိုင်ပါသည်။ 1:500 အချိုး ဆိုသည်မှာ အသုံးပြုသူသည် သူ/သူမ၏ ထည့်သွင်းငွေထက် အဆ 500 များသော ရောင်းဝယ်မှုတစ်ခုကို ဖွင့်နိုင်ခြင်းအား ဆိုလိုပါသည်။ ဥပမာအနေဖြင့် အသုံးပြုသူသည် $1,000 ထည့်သွင်းခဲ့ပါက သူ/သူမသည် $500,000 အထိတန်ဖိုးရှိသော ရောင်းဝယ်မှုတစ်ခုအား ဖွင့်နိုင်ပါမည်။
ကျွန်ုပ်ဘယ်အချိန်တွေမှာ ရောင်းဝယ်နိုင်ပါသလဲ?
အရောင်းအဝယ်နာရီများသည် စာချုပ်အလိုက် ခြားနားပါသည်။ အရောင်းအဝယ်နာရီများနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များသိလိုပါက ကျေးဇူးပြု၍ ရောင်းဝယ်ရေးကိရိယာများ စာမျက်နှာသို့ ဝင်ရောက်ပါ။
ဘာကြောင့် ကျွန်ုပ် မေးခွန်းလွှာကို ဖြည့်စွက်ဖို့ လိုတာလဲ?
ကိုယ်စားလှယ်များသည် ဥပဒေနှင့်စည်းမျဉ်းများကို လိုက်နာပြီး အသုံးပြုသူများ၏ အထောက်အထားမှန်ကန်ကြောင်းနှင့် အတည်ပြုမှုဆိုင်ရာ လုပ်ငန်းစဉ်များကို လုပ်ဆောင်ရပါမည်။ ငွေဖြူလောင်းခြင်းအား တားမြစ်မှု မူဝါဒကြောင့် တည်ရှိနေသော စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆက်ဆံရေးများကို စောင့်ကြည့်ရန်အတွက် အသုံးပြုသူများထံမှ လုံလောက်သည့်အချက်အလက်များကို ရရှိရန် လိုအပ်ပါသည်၊ ဤအချက်အလက်များကို အတည်ပြုမှုအတွက် လိုအပ်ပါသည်။

ငွေထည့်သွင်းမှုနှင့်ထုတ်ယူမှုများ

ကျွန်ုပ်၏အကောင့်သို့ ငွေများထည့်သွင်းရန်အတွက် မည်သည့်ငွေပေးချေမှုနည်းလမ်းများအား အသုံးပြုနိုင်ပါသနည်း?
OzoneMarkets သည် အောက်ပါကဲ့သို့သောာ ငွေပေးချေမှုနည်းလမ်းအမျိုးမျိုးကို လက်ခံပါသည် –
  • Credit/ Debit ကတ်(Visa, MasterCard)
  • Wire Transfer
ငွေပေးချေမှုနည်းလမ်းစာရင်းအပြည့်အစုံအတွက် ကျေးဇူးပြု၍ သင့်အကောင့်သို့ လော့ဂ်အင်ဝင်၍ ငွေထည့်သွင်းမှုစာမျက်နှာသို့ သွားပါ။
OzoneMarkets ဖြင့် အွန်လိုင်းရောင်းဝယ်မှုပြုလုပ်ရန်အတွက် အနည်းဆုံးငွေဖြည့်ရမည့် ပမာဏရှိပါသလား?
OzoneMarkets တွင် အကောင့်ဖွင့်ရန်အတွက် အနည်းဆုံးငွေဖြည့်ရမည့် ပမာဏသည် $100/€100/£100 ဖြစ်သည်။
ကျွန်ုပ်ဖြည့်လိုက်သောငွေများ အကောင့်ထဲတွင် ပေါ်လာရန်အတွက် မည်မျှကြာမည်နည်း?

ဖြည့်လိုက်သောငွေများ သင့်အကောင့်ထဲတွင် ပေါ်လာရန်အတွက် ကြာချိန်သည် အသုံးပြုခဲ့သော ငွေပေးချေမှုနည်းလမ်းအပေါ် မူတည်ပါသည် – 

  • Credit / Debit ကတ်များသည် ခန့်မှန်းခြေအရ 24 နာရီ ကြာပါမည် (ပြေစာရပြီးသည့်အချိန်မှစ၍)
  • Wire Transfer ဖြင့် ထည့်သွင်းပါက ခန့်မှန်းခြေအရ ရုံးဖွင့်ရက် 1 – 2 ရက် ကြာပါမည် (ပြေစာရပြီးသည့်အချိန်မှစ၍)
ကျွန်ုပ်၏အကောင့်မှ ငွေများကို မည်ကဲ့သို့ ထုတ်ယူရမည်နည်း?

သင်သည် သင့်အကောင့်ထဲသို့ လော့ဂ်အင်ဝင်ပြီး အောက်ပါညွှန်ကြားချက်များအတိုင်း လုပ်ဆောင်၍ ငွေထုတ်ယူနိုင်သလို ငွေထုတ်ယူမှုတောင်းခံချက်ဖောင်ကို ဖြည့်စွက်၍လည်း ထုတ်ယူနိုင်ပါသည်။ သင်သည် တောင်းခံချက်ဖောင်ကို စကန်ဖတ်၍ အီးမေးလ်ဖြင့် support@ozonemarkets.com သို့ ပေးပို့နိုင်ပါသည်။ သင့်ငွေထုတ်ယူမှုတောင့်ခံချက်ကို လျင်မြန်ထိရောက်စွာ လုပ်ဆောင်ပေးနိုင်ရန်အတွက် ကျေးဇူးပြု၍ အောက်ပါလမ်းညွှန်ချက်များကို ကိုးကားပါ –

  • ငွေထုတ်ယူရန် တောင်းခံချက်များကို များသောအားဖြင့် လိုအပ်သောစာရွက်စာတမ်းများအားလုံး လက်ခံရရှိပြီးနောက် ရုံးဖွင့်ရက်သုံးရက်အတွင်း လုပ်ဆောင်ပေးပါသည်။
  • ငွေများကို သင့်ဘဏ်အကောင့်ထဲသို့ Wire Transfer ဖြင့် တိုက်ရိုက်ပေးပို့နိုင်သလို သင့်ခရက်ဒစ်ကတ်ထဲသို့လည်း ထည့်သွင်းနိုင်ပါသည်။ သို့ရာတွင် သင်ငွေထည့်သွင်းခဲ့ချိန်က အသုံးပြုခဲ့သည့်နည်းလမ်းကိုသာ အသုံးပြု၍ ငွေထုတ်ယူနိုင်ပါသည်။ ဥပမာ၊ သင်သည် ခရက်ဒစ်ကတ်တစ်ခုကို အသုံးပြု၍ အကောင့်ထဲသို့ ငွေထည့်သွင်းခဲ့ပါက သင့်ငွေများကို ထိုတူညီသည့် ခရက်ဒစ်ကတ်သို့သာ ထုတ်ယူနိုင်ပါသည်။
  • သင့်အကောင့်ထဲမှ ငွေများထုတ်ယူရန်အတွက် သင့်တွင် ဖွင့်လျက်ရှိသော ရောင်းဝယ်မှုများ ရှိနေသည့်အခါမျိုးတွင် သင်သည် သင့်မာဂျင်လိုအပ်ချက်များကို ထိန်းသိမ်းရပါမည်။ သင့်အကောင့်မှ ငွေထုတ်ယူရန်အတွက် သင်တောင်းဆိုပြီး ကျွန်ုပ်တို့သည် သင်၏ ဖွင့်လျက်ရှိသော ရောင်းဝယ်မှုတချို့အား မပိတ်ဘဲ ပြည့်မီအောင်မလုပ်ပေးနိုင်ပါက သင့်ဘက်မှ သင့်ငွေထုတ်ယူမှုကို ဖြစ်ပေါ်စေရန် လုံလောက်သည့် ရောင်းဝယ်မှုများ မပိတ်ပြီးမချင်း သင့်တောင်းဆိုချက်ကို ကျွန်ုပ်တို့ ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပါ။
  • ကျေးဇူးပြု၍ မှတ်သားပေးပါ – နိုင်ငံတကာ ငွေဖြူလောင်းမှုတားဆီးရေးစည်းမျဉ်းများနှင့်အညီ OzoneMarkets သည် သင့်ပထမဆုံးငွေသွင်းမှု ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် သင့်အမည်ဖြင့်ဖွင့်ထားသော ဘဏ်အကောင့် (သို့) ခရက်ဒစ်ကတ်သို့သာ ငွေများကို ပို့ပေးခွင့်ရှိပါသည်။ ခရက်ဒစ်ကတ်မိတ္တူများကို မှတ်ပုံတင်ပြုလုပ်ရာတွင် ပေးအပ်သင့်ပြီး OzoneMarkets စည်းကမ်းစောင့်ထိန်းမှုဌာနမှ ခွင့်ပြုထားရမည်ဖြစ်သည်။
ငွေများကို ထုတ်ယူသောအခါ လက်ခံရရှိဖို့ မည်မျှကြာမည်နည်း?
သင့်ငွေများကို မြန်ဆန်ထိရောက်စွာ ပို့ပေးနိုင်မှုသည် OzoneMarkets အတွက် အရေးပါပါသည်။ ပုံမှန်ငွေလွှဲပြောင်းမှုများအတွက် ခွင့်ပြုချက်ရရန် ခန့်မှန်းခြေအားဖြင့် ရုံးဖွင့်ရက် သုံးရက်မှခြောက်ရက်အထိ ကြာတတ်ပါသည်၊ သို့ရာတွင် သင့်အကောင့်အား ငွေသွင်း၊ ငွေထုတ်လုပ်ရာတွင် ကြာမြင့်ချိန်အပေါ် သက်ရောက်နိုင်သော အချက်များစွာရှိကြောင်း ကျေးဇူးပြု၍ မှတ်သားပေးပါ။ ငွေထုတ်ယူရန်တောင်းဆိုရာတွင် သင်အသုံးပြုသော ဝန်ဆောင်မှုအမျိုးအစားသည် ထိုအချက်များထဲမှ တစ်ခုဖြစ်သည်။ ခွင့်ပြုချက်ရပြီးသော Wire Transfer ငွေထုတ်ယူမှုများအား ခွင့်ပြုချက်ရသည့်နေ့တွင်ပင် ကျွန်ုပ်တို့၏ ဘဏ်များသို့ ပို့ပေးပြီး ထိုရက်မှာပင် ကျွန်ုပ်တို့၏ ဘဏ်မှ သက်ဆိုင်ရာထံသို့ ပေးပို့ပေးပါသည်။ Wire Transfer သည် များသောအားဖြင့် နိုင်ငံများစွာရှိ ဘဏ်များစွာပြား သွားလာပြီး ၎င်းသည် အနည်းငယ်ပိုကြာတတ်ပါသည်၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြားငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများသည် ငွေများကို ကမ္ဘာအနှံ့ပို့ရန်အတွက် များသောအားဖြင့် ရုံးဖွင့်ရက်အနည်းငယ် လိုအပ်သည့်အတွက်ဖြစ်သည်။ ဘဏ် Wire Transfer (သို့) ခရက်ဒစ်ကတ်မှတစ်ဆင့် ငွေထုတ်ယူမှုကို လုပ်ဆောင်ပြီးသည့်အခါ သင့်ဘဏ်အကောင့်သို့ ငွေများဝင်ရန်အတွက် ကျေးဇူးပြု၍ ရုံးဖွင့်ရက် 7 ရက်အထိ စောင့်ပေးပါ။ ကျေးဇူးပြု၍ မှတ်သားရန် –
  • နိုင်ငံတကာ ငွေဖြူလောင်းမှုတားဆီးရေးစည်းမျဉ်းများနှင့်အညီ
  • OzoneMarkets သည် သင့်ပထမဆုံးငွေသွင်းမှု ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် သင့်အမည်ဖြင့်ဖွင့်ထားသော ဘဏ်အကောင့် (သို့) ခရက်ဒစ်ကတ်သို့သာ ငွေများကို ပို့ပေးခွင့်ရှိပါသည်။
  • ခရက်ဒစ်ကတ်မိတ္တူများကို မှတ်ပုံတင်ပြုလုပ်ရာတွင် ပေးအပ်သင့်ပြီး OzoneMarkets စည်းကမ်းစောင့်ထိန်းမှုဌာနမှ ခွင့်ပြုထားရမည်ဖြစ်သည်။
ကျွန်ုပ်၏အကောင့် (သို့) ငွေထုတ်ယူမှုနှင့် ပတ်သက်၍ မည်သူ့ကို ဆက်သွယ်နိုင်သနည်း?

သင့်တွင်ရှိသော မေးခွန်းများအားလုံးကို ဖြေကြားပေးရန် သင့်အကောင့်မန်နေဂျာမှ အသင့်ရှိပါသည်။ လျင်မြန်သော အကြောင်းပြန်မှုကို ရရှိရန်အတွက် သင့်အကောင့်မန်နေဂျာအား အီးမေးလ် (သို့) ဖုန်းမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။ 

သင့်အကောင့်မန်နေဂျာ မအားသောအခါ မေးခွန်းအားလုံးကို ဖြေကြားပေးရန်အတွက် ကျွန်ုပ်တို့၏ ကူညီထောက်ပံ့ရေးအသင်းသည် အသင့်ရှိပါသည်။ သင့်လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်းပေးမည့် ဝန်ထမ်းအဖွဲ့ဝင်တစ်ဦး အမြဲရှိပါသည်။ ကျွန်ုပ်တို့ကို support@ozonemarkets.com တွင် အချိန်မရွေးဆက်သွယ်လိုက်ပါ။

အရောင်းအဝယ် မေးခွန်းများ

မည်သည့်ရောင်းဝယ်ရေးပလက်ဖောင်းများ ရှိပါသနည်း?

OzoneMarkets တွင် ရောင်းဝယ်ရေးပလက်ဖောင်း 3 မျိုး ရှိပါသည်။

  • MetaTrader 5 – တစ်ချက်နှိပ်စနစ်၊ အကောင်းဆုံးသော အော်ဒါလက်ခံမှု၊ အဆင့်မြင့် စျေးကွက်ဒေတာ ခွဲခြမ်းစိတ်ဖြာမှုနှင့် နှိုင်းယှဉ်၍မရသော အလိုအလျောက်စွမ်းဆောင်းရည်များကို အပြည့်အ၀သုံးစွဲပါ!
  • MT5 WebTrader – သင့် MT5 အကောင့်နှင့် ရောင်းဝယ်မှုအားလုံးကို ထပ်တူကျစေသော သုံးရလွယ်ကူသော ဝဘ်ပလက်ဖောင်း။
  • Mobile &Tablet Trader – သင့် MT5 အကောင့်နှင့် အပြည့်အ၀ ထပ်တူကျအောင်လုပ်ထားသော တက်ဘလက်နှင့် မိုဘိုင်းလ်တွင် အကောင်ဆုံးအသုံးပြုနိုင်သည့် ပလက်ဖောင်း

ရောင်းဝယ်ရေးပလက်ဖောင်းများအကြောင်း ပိုမိုလေ့လာလိုပါက ကျေးဇူးပြု၍ ရောင်းဝယ်ရေးပလက်ဖောင်းများ စာမျက်နှာသို့ သွားပါ။

ရောင်းဝယ်ရေးအတွက် အကြံပြုထားသော PC လိုအပ်ချက်စနစ်မှာ မည်သည့်စနစ်များနည်း?

အကြံပြုထားသည့် PC လိုအပ်ချက်များမှာ –

  • ပရိုဆက်ဆာ – Intel Pentium IV 3.0GHz
  • မန်မိုရီ – 512 MB RAM၊ သို့မဟုတ် ထိုထက်များသော
  • မော်နီတာ – အနည်းဆုံး resolution 800×600 pixels ရှိသော
  • အော်ပရေးတင်း စနစ် – Microsoft Windows XP၊ Windows 2000
  • ဝဘ်ဘရောက်ဆာ – Microsoft Internet Explorer 6.X
  • အင်တာနက် ကော်နက်ရှင် – ဒေါင်းလုတ်မြန်နှုန်း အနည်းဆုံး 1.5 MB ရှိသည့် ဘရော့ဘန်းအင်တာနက် ကော်နက်ရှင် မှတ်ချက် – ဤလိုအပ်ချက်များကို မပြည့်မီသော စနစ်များသည် ကန့်သတ်ထားသော အင်္ဂါရပ်ကိုသာ သုံးစွဲနိုင်မည်။
Stop Out/ Margin Call ဆိုတာ ဘာလဲ?

Margin Call သည် မာဂျင်အဆင့် 60% ရှိပါသည်။ သင် Margin Call ရောက်သွားပါက သင့်ဖွင့်လျက်ရှိသော ရောင်းဝယ်မှုအချို့ကို ပိတ်ရန် (သို့) သင့်လက်ရှိ ဖွင့်လျက်ရှိသော ရောင်းဝယ်မှုများကို သန်မာစေရန်အတွက် ငွေထည့်သွင်းရန် အကိုင်တွယ်ခံရပါမည်။

Stop Out သည် မာဂျင်အဆင့် 40% ရှိပါသည်။ သင့်မာဂျင်အဆင့်သည် 40% ထိ ကျဆင်သွားပါက သင့်ရောင်းဝယ်မှုများသသည် အလိုအလျောက်စတင်ပိတ်သွားမည်ဖြစ်သည်။ ပထမဆုံးအပိတ်ခံရသည်များမှာ အရှုံးအများဆုံးရှိသော ရောင်းဝယ်မှုများဖြစ်သည်။

Trailing Stop ဆိုတာ ဘာလဲ?

Trailing Stop သည် စျေးကွက်စျေးနှုန်းမှ သင့်ဖွင့်လျက်ရှိသော ရောင်းဝယ်မှု၏ ဦးတည်ရာသို့ ရွေ့လျားလာသည်နှင့် ၎င်းဘာသာ၎င်း အလိုအလျောက်ထိန်းညှိသည့် အရှုံးတားမြစ်မှုအော်ဒါဖြစ်သည်။ နောက်မှကပ်လိုက်သည့် စျေးနှုန်းသည် မြင့်တက်နေသော စျေးနှုန်းများနောက်မှ ကပ်လိုက်ပြီး သင့်အား အမြတ်ပိုများများ ပိုင်ဆိုင်ခွင့်ပြုပေးသည့်အပြင် စျေးများ ရုတ်တရက်ကျသွားပါက အလိုအလျောက် အရှုံးတားမြစ်မှုအော်ဒါမှ သင့်အား ကာကွယ်ပေးနေမည်ဖြစ်သည်။ 

MetaTrader 5 ပလက်ဖောင်းအတွက် အရေးကြီးသော မှတ်ချက် – Trailing Stop သည် အသုံးပြုသူ တာမီနယ်ဘက်တွက် အလုပ်လုပ်သည့်အတွက် ဆာဗာဘက်တွင် အလုပ်လုပ်သော အရှုံးတားမြစ်မှုနှင့် အမြတ်ရယူမှုတို့နှင့်မတူဘဲ ၎င်းသည် အသုံးပြုသူ တာမီနယ် ပိတ်နေသောအခါ အလုပ်လုပ်မည်မဟုတ်ပေ။ အသုံးပြုသူ တာမီနယ် ပိတ်နေပါက တာမီနယ်မပိတ်မီ Trailing Stop မှ နေရာချပေးထားသော အရှုံးတားမြစ်မှုသည်သာလျှင် အလုပ်လုပ်ပါမည်။

အရှုံးတားမြစ်မှုအော်ဒါသည် မည်ကဲ့သို့ အလုပ်လုပ်သနည်း?
ရောင်းဝယ်သူမှ ကြိုတင်သတ်မှတ်ထားသော တန်ဖိုးသို့ စျေးကွက်ကျော်ဖြတ်သည်နှင့်တစ်ပြိုင်နက် ရှုံးနေသော ရောင်းဝယ်မှုကို ပိတ်ခြင်းအားဖြင့် အန္တရာယ်ကို လျှော့ချရန်အတွက် အရှုံးတားမြစ်မှုအော်ဒါများကို အသုံးပြုပါသည်။ တောင်းဆိုထားသည့် စျေးနှုန်းဖြင့် သင့်ရောင်းဝယ်မှုကို ဖြည့်ဆည်းပေးရန်အတွက် OzoneMarkets မှ အကောင်းဆုံးကြိုးစားသွားပါမည်။ သို့ရာတွင် အော်ဒါအသက်ဝင်သည်နှင့် ၎င်းသည် သင့်ရောင်းဝယ်မှုကို အကောင်းဆုံးရနိုင်သော စျေးနှုန်းဖြင့် ပိတ်ပေးမည်ဖြစ်သဖြင့် အရှုံးတားမြစ်မှုသည် ကွာဟနေသော စျေးကွက်၏ ဒဏ်ကို ခံရနိုင်ပါသည်။ ဆိုလိုသည်မှာ OzoneMarkets မှ အရှုံးတားမြစ်မှုကို အာမ မခံနိုင်ပါ။