အမေးများသောမေးခွန်းများ
OzoneMarkets အကြောင်း
- တစ်ခု (သို့) တစ်ခုထက်ပိုသော ငွေကြေးစာချုပ်များနှင့် ဆက်နွှယ်သည့် အော်ဒါများအား လက်ခံရယူမှုနှင့် လွှဲပြောင်းပေးမှု။
- ဖောက်သည်များကိုယ်စား အော်ဒါများအား လုပ်ဆောင်ပေးမှု။
- ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ငွေကြေး/အာမခံပစ္စည်းများကို စီမံခန့်ခွဲမှုကဲ့သို့သော သက်ဆိုင်ရာဝန်ဆောင်မှုများ အပါအဝင် ဖောက်သည်အကောင့်များအတွက် ငွေကြေးကိရိယာများကို လုံခြုံစွာထိန်းသိမ်းပေးပြီး ကိုယ်တွယ်ထိန်းချုပ်ပေးမှု
- အကြွေးခရက်ဒစ် (သို့) ချေးငွေအား ပေးအပ်သော အဖွဲ့အစည်းမှ ငွေလွှဲပြောင်းမှုတွင် ပိုမိုပါဝင်မှုရှိသော တစ်ခု (သို့) တစ်ခုထက်ပိုသည့် ငွေကြေးစာချုပ်များတွင် ငွေလွှဲပြောင်းမှုတစ်ခုကို ရင်းနှီးမြှုပ်နှံသူအား ပြုလုပ်ခွင့်ပေးရန်အတွက် ထိုသူ့ထံ အကြွေးခရက်ဒစ် (သို့) ချေးငွေများ ပေးအပ်ခြင်း
- ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်မှုနှင့် ချိတ်ဆက်နေသော နိုင်ငံခြားငွေကြေးအိတ်စ်ချိန်း ဝန်ဆောင်မှုများ
- အောက်ပါငွေကြေးစာချုပ်များနှင့် ဆက်နွှယ်နေသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သုတေသနနှင့် ငွေကြေးခွဲခြမ်းစိတ်ဖြာမှု (သို့) အခြားအထွေထွေ အကြံပေးမှုပုံစံများငွေကြေးစာချုပ်များမှာ:
- လွှဲပြောင်း၍ရသော ရင်းနှီးမြှုပ်နှံမှု
- ငွေကြေး-စျေးကွက် စာချုပ်များ
- ယူနစ်များနှင့် စုပေါင်းထားသော ရင်းနှီမြှုပ်နှံမှုခံဝန်ချက်များ
- Option များ၊ Future များ၊ Swap များ၊ ရှေ့တိုးနှုန်းသဘောတူညီချက်များနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံခြားငွေကြေးများ၊ အတိုး (သို့) အမြတ်များ (သို့) ရုပ်ပိုင်းဆိုင်ရာ ပေးအပ်နိုင်သော၊ သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲနိုင်သော အခြားဒရစ်ဗစ်တစ်စာချုပ်များ၊ ငွေကြေးအင်းဒတ်စ်များ (သို့) ငွေကြေးဖြေရှင်းချက်များနှင့် သက်ဆိုင်သော အခြားဒရစ်ဗစ်တစ်စာချုပ်များ။
- Option များ၊ Future များ၊ Swap များ၊ ရှေ့တိုးနှုန်းသဘောတူညီချက်များနှင့် တစ်ပါတီ၏ ရွေးချယ်မှုဖြင့် (ထိုမှမဟုတ် ပြန်မဆပ်နိုင်ခြင်း၊ သို့မဟုတ် အခြားအဖြစ်အပျက်ကြောင့်) ငွေကြေးအဖြစ် ပြောင်းလဲရမည်ဖြစ်သော (သို့) ပြောင်းလဲနိုင်သော အခြားဒရစ်ဗစ်တစ်စာချုပ်များ။*
- Option များ၊ Future များ၊ Swap များ၊ ရှေ့တိုးနှုန်းသဘောတူညီချက်များနှင့် ကုန်ကြမ်းများကို စည်းမျဉ်းချမှတ်ထားသော စျေးကွက် နှင့်/သို့မဟုတ် MTF တွင် ရောင်းဝယ်ကြောင်း ရုပ်ပိုင်းဆိုင်ရာ ကြေအေးနိုင်သော ကုန်ကြမ်းများနှင့်ဆက်နွှယ်သည့် အခြားဒရစ်ဗစ်တစ်စာချုပ်များ။
- Option များ၊ Future များ၊ Swap များ၊ ရှေ့တိုးနှုန်းသဘောတူညီချက်များနှင့် အပိုင်း III ၏ စာပိုဒ် 6 တွင် ဖော်ပြထားသည်မှလွဲ၍ ရုပ်ပိုင်းဆိုင်ရာ ကျေအေးပေးနိုင်သော ကုန်ကြမ်းများနှင့် အသိအမှတ်ပြုထားသော ကြားခံအဖွဲ့အစည်းများမှတစ်ဆင့် ရှင်းလင်းကြေအေးပေးခြင်း (သို့) ပုံမှန်မာဂျင်ဆဲလ်များ၏ သက်ရောက်မှုခံရခြင်းတို့ အပါအဝင် အခြားဒရစ်ဗစ်တစ်ငွေကြေးစာချုပ်များ၏ ဝိသေသများရှိသော စီးပွားရေးရည်ရွယ်ချက်များအတွက် မဟုတ်သည့် ကုန်ကြမ်းများနှင့် ဆက်နွှယ်သော အခြာဒရစ်ဗစ်တစ်စာချုပ်များ။း
- ခြားနားမှုများအတွက် ဒရစ်ဗစ်တစ်စာချုပ်များ။
- ခြားနားမှုများအတွက် ငွေကြေးစာချုပ်များ။
- Option များ၊ Future များ၊ Swap များ၊ ရှေ့တိုးနှုန်းသဘောတူညီချက်များနှင့် ရာသီဥတုဆိုင်ရာ ပြောင်းလဲနိုင်မှုများ၊ ကုန်စည်ပို့ဆောင်ရေးစရိတ်၊ လေထုထဲ အညစ်အကြေများ စွန့်ထုတ်နိုင်ခွင့် (သို့) ငွေကြေးဖောင်းပွနှုန်းများ (သို့) ငွေဖြင့်ကြေအေးရမည်ဖြစ်သော၊ သို့မဟုတ် ပါတီတစ်ခု၏ ရွေးချယ်မှုဖြင့် (ထိုမှမဟုတ် ပြန်မဆပ်နိုင်ခြင်း၊ သို့မဟုတ် အခြားအဆုံသတ်မှုဆိုင်ရာ အဖြစ်အပျက်ကြောင့်) ငွေဖြင့်ကြေအေးနိုင်သော အခြားတရားဝင်စီးပွားရေးဆိုင်ရာ စာရင်းအင်းများနှင့်ဆက်နွှယ်နေသော အခြားဒရစ်ဗစ်တစ်စာချုပ်မျာအပြင် ဤအပိုင်းတွင် ဖော်ပြထားသည်မှလွဲ၍ စည်းမျဉ်းချမှတ်ထားသော စျေးကွက် နှင့်/သို့မဟုတ် MTF တွင် ရောင်းဝယ်၊ မဝယ်၊ ရုပ်ပိုင်းဆိုင်ရာ ကျေအေးပေးနိုင်သော ကုန်ကြမ်းများနှင့် အသိအမှတ်ပြုထားသော ကြားခံအဖွဲ့အစည်းများမှတစ်ဆင့် ရှင်းလင်းကြေအေးပေး၊ မပေး (သို့) ပုံမှန်မာဂျင်ဆဲလ်များ၏ သက်ရောက်မှုခံရ၊ မခံရတို့ အပါအဝင် အခြားဒရစ်ဗစ်တစ်ငွေကြေးစာချုပ်များ၏ ဝိသေသများရှိသော ပိုင်ဆိုင်မှုများ၊ အခွင့်အရေးများ၊ ၀တ္တရားများ၊ အင်းဒတ်စ်များနှင့် ဖြေရှင်းချက်များဆက်နွှယ်နေသော အခြားဒရစ်ဗစ်တစ်စာချုပ်များ။
အကောင့်အချက်အလက်
အကောင့်ဖွင့်ရန်အတွက် အောက်ပါစာရွက်စာတမ်းများကို လိုအပ်ပါသည် –
- ပက်စ်ပို့စ်၊ ယာဉ်မောင်းလိုင်စင် (သို့) တရားဝင်မှတ်ပုံတင်ကဲ့သို့သော မိမိအထောက်အထားအတည်ပြုသည့် စာရွက်စာတမ်း
- မီတာဘေလ် (သို့) ဘဏ်ရှင်းတမ်းကဲ့သို့သော လိပ်စာအတည်ပြုချက် (6 လအတွင်းဖြစ်ရ)
ငွေထည့်သွင်းမှုနှင့်ထုတ်ယူမှုများ
- Credit/ Debit ကတ်(Visa, MasterCard)
- Wire Transfer
ဖြည့်လိုက်သောငွေများ သင့်အကောင့်ထဲတွင် ပေါ်လာရန်အတွက် ကြာချိန်သည် အသုံးပြုခဲ့သော ငွေပေးချေမှုနည်းလမ်းအပေါ် မူတည်ပါသည် –
- Credit / Debit ကတ်များသည် ခန့်မှန်းခြေအရ 24 နာရီ ကြာပါမည် (ပြေစာရပြီးသည့်အချိန်မှစ၍)
- Wire Transfer ဖြင့် ထည့်သွင်းပါက ခန့်မှန်းခြေအရ ရုံးဖွင့်ရက် 1 – 2 ရက် ကြာပါမည် (ပြေစာရပြီးသည့်အချိန်မှစ၍)
သင်သည် သင့်အကောင့်ထဲသို့ လော့ဂ်အင်ဝင်ပြီး အောက်ပါညွှန်ကြားချက်များအတိုင်း လုပ်ဆောင်၍ ငွေထုတ်ယူနိုင်သလို ငွေထုတ်ယူမှုတောင်းခံချက်ဖောင်ကို ဖြည့်စွက်၍လည်း ထုတ်ယူနိုင်ပါသည်။ သင်သည် တောင်းခံချက်ဖောင်ကို စကန်ဖတ်၍ အီးမေးလ်ဖြင့် support@ozonemarkets.com သို့ ပေးပို့နိုင်ပါသည်။ သင့်ငွေထုတ်ယူမှုတောင့်ခံချက်ကို လျင်မြန်ထိရောက်စွာ လုပ်ဆောင်ပေးနိုင်ရန်အတွက် ကျေးဇူးပြု၍ အောက်ပါလမ်းညွှန်ချက်များကို ကိုးကားပါ –
- ငွေထုတ်ယူရန် တောင်းခံချက်များကို များသောအားဖြင့် လိုအပ်သောစာရွက်စာတမ်းများအားလုံး လက်ခံရရှိပြီးနောက် ရုံးဖွင့်ရက်သုံးရက်အတွင်း လုပ်ဆောင်ပေးပါသည်။
- ငွေများကို သင့်ဘဏ်အကောင့်ထဲသို့ Wire Transfer ဖြင့် တိုက်ရိုက်ပေးပို့နိုင်သလို သင့်ခရက်ဒစ်ကတ်ထဲသို့လည်း ထည့်သွင်းနိုင်ပါသည်။ သို့ရာတွင် သင်ငွေထည့်သွင်းခဲ့ချိန်က အသုံးပြုခဲ့သည့်နည်းလမ်းကိုသာ အသုံးပြု၍ ငွေထုတ်ယူနိုင်ပါသည်။ ဥပမာ၊ သင်သည် ခရက်ဒစ်ကတ်တစ်ခုကို အသုံးပြု၍ အကောင့်ထဲသို့ ငွေထည့်သွင်းခဲ့ပါက သင့်ငွေများကို ထိုတူညီသည့် ခရက်ဒစ်ကတ်သို့သာ ထုတ်ယူနိုင်ပါသည်။
- သင့်အကောင့်ထဲမှ ငွေများထုတ်ယူရန်အတွက် သင့်တွင် ဖွင့်လျက်ရှိသော ရောင်းဝယ်မှုများ ရှိနေသည့်အခါမျိုးတွင် သင်သည် သင့်မာဂျင်လိုအပ်ချက်များကို ထိန်းသိမ်းရပါမည်။ သင့်အကောင့်မှ ငွေထုတ်ယူရန်အတွက် သင်တောင်းဆိုပြီး ကျွန်ုပ်တို့သည် သင်၏ ဖွင့်လျက်ရှိသော ရောင်းဝယ်မှုတချို့အား မပိတ်ဘဲ ပြည့်မီအောင်မလုပ်ပေးနိုင်ပါက သင့်ဘက်မှ သင့်ငွေထုတ်ယူမှုကို ဖြစ်ပေါ်စေရန် လုံလောက်သည့် ရောင်းဝယ်မှုများ မပိတ်ပြီးမချင်း သင့်တောင်းဆိုချက်ကို ကျွန်ုပ်တို့ ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပါ။
- ကျေးဇူးပြု၍ မှတ်သားပေးပါ – နိုင်ငံတကာ ငွေဖြူလောင်းမှုတားဆီးရေးစည်းမျဉ်းများနှင့်အညီ OzoneMarkets သည် သင့်ပထမဆုံးငွေသွင်းမှု ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် သင့်အမည်ဖြင့်ဖွင့်ထားသော ဘဏ်အကောင့် (သို့) ခရက်ဒစ်ကတ်သို့သာ ငွေများကို ပို့ပေးခွင့်ရှိပါသည်။ ခရက်ဒစ်ကတ်မိတ္တူများကို မှတ်ပုံတင်ပြုလုပ်ရာတွင် ပေးအပ်သင့်ပြီး OzoneMarkets စည်းကမ်းစောင့်ထိန်းမှုဌာနမှ ခွင့်ပြုထားရမည်ဖြစ်သည်။
- နိုင်ငံတကာ ငွေဖြူလောင်းမှုတားဆီးရေးစည်းမျဉ်းများနှင့်အညီ
- OzoneMarkets သည် သင့်ပထမဆုံးငွေသွင်းမှု ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် သင့်အမည်ဖြင့်ဖွင့်ထားသော ဘဏ်အကောင့် (သို့) ခရက်ဒစ်ကတ်သို့သာ ငွေများကို ပို့ပေးခွင့်ရှိပါသည်။
- ခရက်ဒစ်ကတ်မိတ္တူများကို မှတ်ပုံတင်ပြုလုပ်ရာတွင် ပေးအပ်သင့်ပြီး OzoneMarkets စည်းကမ်းစောင့်ထိန်းမှုဌာနမှ ခွင့်ပြုထားရမည်ဖြစ်သည်။
သင့်တွင်ရှိသော မေးခွန်းများအားလုံးကို ဖြေကြားပေးရန် သင့်အကောင့်မန်နေဂျာမှ အသင့်ရှိပါသည်။ လျင်မြန်သော အကြောင်းပြန်မှုကို ရရှိရန်အတွက် သင့်အကောင့်မန်နေဂျာအား အီးမေးလ် (သို့) ဖုန်းမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
သင့်အကောင့်မန်နေဂျာ မအားသောအခါ မေးခွန်းအားလုံးကို ဖြေကြားပေးရန်အတွက် ကျွန်ုပ်တို့၏ ကူညီထောက်ပံ့ရေးအသင်းသည် အသင့်ရှိပါသည်။ သင့်လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်းပေးမည့် ဝန်ထမ်းအဖွဲ့ဝင်တစ်ဦး အမြဲရှိပါသည်။ ကျွန်ုပ်တို့ကို support@ozonemarkets.com တွင် အချိန်မရွေးဆက်သွယ်လိုက်ပါ။
အရောင်းအဝယ် မေးခွန်းများ
OzoneMarkets တွင် ရောင်းဝယ်ရေးပလက်ဖောင်း 3 မျိုး ရှိပါသည်။
- MetaTrader 5 – တစ်ချက်နှိပ်စနစ်၊ အကောင်းဆုံးသော အော်ဒါလက်ခံမှု၊ အဆင့်မြင့် စျေးကွက်ဒေတာ ခွဲခြမ်းစိတ်ဖြာမှုနှင့် နှိုင်းယှဉ်၍မရသော အလိုအလျောက်စွမ်းဆောင်းရည်များကို အပြည့်အ၀သုံးစွဲပါ!
- MT5 WebTrader – သင့် MT5 အကောင့်နှင့် ရောင်းဝယ်မှုအားလုံးကို ထပ်တူကျစေသော သုံးရလွယ်ကူသော ဝဘ်ပလက်ဖောင်း။
- Mobile &Tablet Trader – သင့် MT5 အကောင့်နှင့် အပြည့်အ၀ ထပ်တူကျအောင်လုပ်ထားသော တက်ဘလက်နှင့် မိုဘိုင်းလ်တွင် အကောင်ဆုံးအသုံးပြုနိုင်သည့် ပလက်ဖောင်း
ရောင်းဝယ်ရေးပလက်ဖောင်းများအကြောင်း ပိုမိုလေ့လာလိုပါက ကျေးဇူးပြု၍ ရောင်းဝယ်ရေးပလက်ဖောင်းများ စာမျက်နှာသို့ သွားပါ။
အကြံပြုထားသည့် PC လိုအပ်ချက်များမှာ –
- ပရိုဆက်ဆာ – Intel Pentium IV 3.0GHz
- မန်မိုရီ – 512 MB RAM၊ သို့မဟုတ် ထိုထက်များသော
- မော်နီတာ – အနည်းဆုံး resolution 800×600 pixels ရှိသော
- အော်ပရေးတင်း စနစ် – Microsoft Windows XP၊ Windows 2000
- ဝဘ်ဘရောက်ဆာ – Microsoft Internet Explorer 6.X
- အင်တာနက် ကော်နက်ရှင် – ဒေါင်းလုတ်မြန်နှုန်း အနည်းဆုံး 1.5 MB ရှိသည့် ဘရော့ဘန်းအင်တာနက် ကော်နက်ရှင် မှတ်ချက် – ဤလိုအပ်ချက်များကို မပြည့်မီသော စနစ်များသည် ကန့်သတ်ထားသော အင်္ဂါရပ်ကိုသာ သုံးစွဲနိုင်မည်။
Margin Call သည် မာဂျင်အဆင့် 60% ရှိပါသည်။ သင် Margin Call ရောက်သွားပါက သင့်ဖွင့်လျက်ရှိသော ရောင်းဝယ်မှုအချို့ကို ပိတ်ရန် (သို့) သင့်လက်ရှိ ဖွင့်လျက်ရှိသော ရောင်းဝယ်မှုများကို သန်မာစေရန်အတွက် ငွေထည့်သွင်းရန် အကိုင်တွယ်ခံရပါမည်။
Stop Out သည် မာဂျင်အဆင့် 40% ရှိပါသည်။ သင့်မာဂျင်အဆင့်သည် 40% ထိ ကျဆင်သွားပါက သင့်ရောင်းဝယ်မှုများသသည် အလိုအလျောက်စတင်ပိတ်သွားမည်ဖြစ်သည်။ ပထမဆုံးအပိတ်ခံရသည်များမှာ အရှုံးအများဆုံးရှိသော ရောင်းဝယ်မှုများဖြစ်သည်။
Trailing Stop သည် စျေးကွက်စျေးနှုန်းမှ သင့်ဖွင့်လျက်ရှိသော ရောင်းဝယ်မှု၏ ဦးတည်ရာသို့ ရွေ့လျားလာသည်နှင့် ၎င်းဘာသာ၎င်း အလိုအလျောက်ထိန်းညှိသည့် အရှုံးတားမြစ်မှုအော်ဒါဖြစ်သည်။ နောက်မှကပ်လိုက်သည့် စျေးနှုန်းသည် မြင့်တက်နေသော စျေးနှုန်းများနောက်မှ ကပ်လိုက်ပြီး သင့်အား အမြတ်ပိုများများ ပိုင်ဆိုင်ခွင့်ပြုပေးသည့်အပြင် စျေးများ ရုတ်တရက်ကျသွားပါက အလိုအလျောက် အရှုံးတားမြစ်မှုအော်ဒါမှ သင့်အား ကာကွယ်ပေးနေမည်ဖြစ်သည်။
MetaTrader 5 ပလက်ဖောင်းအတွက် အရေးကြီးသော မှတ်ချက် – Trailing Stop သည် အသုံးပြုသူ တာမီနယ်ဘက်တွက် အလုပ်လုပ်သည့်အတွက် ဆာဗာဘက်တွင် အလုပ်လုပ်သော အရှုံးတားမြစ်မှုနှင့် အမြတ်ရယူမှုတို့နှင့်မတူဘဲ ၎င်းသည် အသုံးပြုသူ တာမီနယ် ပိတ်နေသောအခါ အလုပ်လုပ်မည်မဟုတ်ပေ။ အသုံးပြုသူ တာမီနယ် ပိတ်နေပါက တာမီနယ်မပိတ်မီ Trailing Stop မှ နေရာချပေးထားသော အရှုံးတားမြစ်မှုသည်သာလျှင် အလုပ်လုပ်ပါမည်။